Myanmar Recipe Channel

Myanmar Kitchen Room. Thes Best Collection of myanmar curry, desserts, salad, vegetables, health for food. Free Resource of Myanmar cooking guides ,cooking article cooking videos.
Search by Myanmar
myanmar recipies & menu
ဟင်းခတ်အမွှေးအကြိုင်များ(မြန်မာ)



မြန်မာစတိုင်လ် နံနက်စာ - လတ်လတ်ဆတ်ဆတ် တစ်ခွက် (သို့မဟုတ်) ရေနွေးကြမ်း -

ငှက်ပျောသီးတစ်လုံး -

ပဲကတ္တီပါပြုတ်သုပ် (သို့မဟုတ်) ဘဲဥပြုတ်သုပ် -

ထမင်းအကြမ်းပန်းကန်တစ်လုံးစာ (ငရုတ်သီးနဲ့ကြက်သွန်ဖြူ) –

(ငရုတ်သီးစိမ်း ၂တောင့်၊ ကြက်သွန်ဖြူတစ်ဥ)

နေ့လည်စာ -                   ငါးနှင့်ချဉ်ရည်ဟင်းတစ်ခွက်

(မုန်လာဥ၊ ကန်စွန်းရွက်၊ ဘူးသီး သို့မဟုတ် ပဲဟင်းချို၊ ကြာရိုးဟင်းချို၊ ဘူးသီးဟင်းခါး) –

အရွက်သုပ်တစ်မျိုးမျိုး (ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ပုံးရည်ကြီး) –

ဟင်းရွက်ကြော် (ဂေါ်ဖီ၊ ဂေါ်ဖီပန်း၊ ဟင်းနုနယ်) –

ငါးပိရည်၊ တို့စရာ - အသားတစ်မျိုးမျိုး (တစ်တုံး)

ညနေစာ -                       ငါးမီးကင် (သို့မဟုတ်) ကြက်ကင် (သို့မဟုတ်) ငါးကြော် -

ဟင်းသီးဟင်းရွက်သုပ် - ဟင်းချို (သို့မဟုတ်) ချဉ်ရည်ဟင်း -

(ထမင်းမစားဘဲ ဟင်းရွက်သုပ် ဟင်းရွက်ကြော်များသာ စားပါ) ကြည့်ရင်း နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့ ကျွန်မသေချာစွာ ဖတ်ကြည့်လိုက်ပါတယ်။ အဲဒါ အန်တီက ဟင်းချက်နည်းတွေ၊ အာဟာရအကြောင်းတွေ ရေးနေလို့ လာပြတာ အင်း ... ဟုတ်တယ်၊ အန်တီရေးနေတဲ့ တစ်နေ့တော့ စားသောက်ရေးဆိုတာ ဒါတွေပဲပေါ့။ သမီးတို့အိမ် ထမင်းစားခန်း၊ ဒါမှမဟုတ် မီးဖိုခန်းမှာ ကပ်ထားလေ၊ ဒီအတိုင်း ချက်ပြုတ်စားသောက်ပါ။ သမီးစားမှာပါ၊ ပဲကတ္တီပါပြုတ်လည်း ကြိုက်တယ်။ ဘဲဥသုပ်လည်း ကြိုက်တယ်။ ဒါပေမဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ... အဲဒီကြက်သွန်ဖြူမကြိုက်ဘူး။ မစားလို့မရဘူးလား၊ ဟင်းထဲမှာ ပါပြီးသားပဲ၊ မရဘူးလား၊ ပြီးတော့ စားပြီးရင် ပါးစပ်နံနယ်။ အဲဒါ ပြောင်းစားလို့မရဘူးလား ကျွန်မက ပြောင်းစားလို့မရတဲ့အကြောင်း၊ ကြက်သွန်ဖြူဟာ အသုံးပြုတတ်ရင် သမားတော်တစ်ပါးလို အိမ်ထောင်စုရဲ့ ကျန်းမာရေးအတွက် အားကိုးအားထားပြုနိုင်ပါတယ်ဆိုတဲ့အကြောင်း ပြောပြရပါတယ်။

 

ကြက်သွန်ဖြူဟာ အိမ်ရှင်မများရဲ့ မီးဖိုချောင်သုံး ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းများထဲမှာ ကြက်သွန်နီ၊ ငရုတ်သီး၊ ချင်းစတဲ့ ပစ္စည်းများနဲ့အတူ ထောင်းထု ဟင်းခတ်ပြီး အသုံးပြုတဲ့နည်းဟာ လူသိအများဆုံးနည်း ဖြစ်ပါတယ်။ ဟင်းချို၊ ဟင်းခါး၊ ကြက်သားစွပ်ပြုတ် ... စတဲ့ အရည်သောက်ဟင်းများမှာလည်း ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဟင်းခတ်စားတတ်ကြပါတယ်။ တချို့က ကြက်သွန်ဖြူကို အခွံမချွတ်ဘဲ အခွံပါ ဒီအတိုင်းဓားပြားရိုက်ပြီး ဟင်းချိုခတ်စားတတ်ကြပါတယ်။ ငရုတ်ကောင်းအနည်းငယ်နဲ့ ချက်ထားတဲ့ ကြက်သွန်ဖြူဟင်းခါးရည်ဟာ လက်သုပ်စုံ၊ ထမင်းသုပ်စတဲ့ အသုပ်များနဲ့ အလွန်တရာ လိုက်ဖက်လှပါတယ်။ ရှေးလူကြီးများက လက်သုပ်စုံ၊ ထမင်းသုပ် ငါးထမင်းဆိမ့်စတဲ့ အသုပ်များကို စားတဲ့အခါ တိုင်း ကြက်သွန်ဖြူအစိမ်းကို မပါမဖြစ် ပါအောင် ထည့်စားလေ့ရှိပါတယ်။ ဒါဟာ အဲဒီအသုပ်များ၊ လက်လုပ်ချဉ်များကြောင့် ဖြစ်ပေါ်တတ်တဲ့ ၀မ်းပျက်ခြင်း၊ ၀မ်းဖောခြင်းစတဲ့ အန္တရာယ်များကို ကြက်သွန်ဖြူက ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ အနံ့ပြင်းလှတဲ့အတွက် အစိမ်းစားတဲ့အခါ ပါးစပ်မှာ အနံ့ကျန်ရစ်တတ်ပါတယ်။ အဲဒီကြက်သွန်ဖြူအနံ့ ပျောက်ဖို့အတွက် လေးညှင်းပွင့် ဒါမှမဟုတ် စမုန်စပါးကို ၀ါးလိုက်ရင် ရပါတယ်။ ခပ်လွယ်လွယ်နည်း ကတော့ ဆန်စေ့အနည်ငယ်၊ ကွမ်းသီးစိတ်လေးတစ်စိတ်လောက် ၀ါးစားရင်လည်း ဖြစ်နိုင်ပါတယ်။

 

အာဟာရရှုထောင့်မှကြည့်လျှင် ကြက်သွန်ဖြူထဲမှာပါရှိတဲ့ အာဟာရဓာတ်များကတော့ ကစီဓာတ်နဲ့ အသားဓာတ် များ ဖြစ်ပါတယ်။ နောက် ကာဘိုဟိုက်ဒရိတ်ဓာတ်လို့ခေါ်တဲ့ သကြားဓာတ်လည်း ပါဝင်ပါတယ်။ အဲဒီဓာတ်တွေဟာ လူတွေရဲ့ ခန္ဓာကိုယ်ကြီးထွားရေးမှာမရှိမဖြစ် လိုအပ်တဲ့ဓာတ်လည်း ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး ခန္ဓာကိုယ် မွမ်းမံမှု၊ သွေးသားညီညွတ်မှုတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ မြန်မာဆေးကျမ်းတစ်စောင်ဖြစ်တဲ့ ရှုတော်မူဆေးအဘိဓာန်မှာဆိုရင် ကြက်သွန်ဖြူသည် စပ်၊ ငန်၊ ချိုအရသာ ရှိ၏။ အစာကို ကြေစေတတ်၏။ ၀မ်းမီးကို ဖြောင့်စေတတ်၏။ ဆံပင်ကို နက်စေတတ်၏။ လေကို နိုင်၏လို့ ဆိုထားပါတယ်။ အင်္ဂလိပ်ဆေးကျမ်း (ဗြိတိသျှခန္ဓာဆေးအာနိသင်ကျမ်း)မှာ ကြက်သွန်ဖြူအဆီသည် လွင့်တတ်သော ဆီဖြစ်သည်။ လွန်စွာပင် သလိပ်ရွှင်စေတတ်သော သတ္တိရှိသည့်အပြင် သလိပ်ထွက်ရာ၌လည်း လွယ်ကူစွာ ထွက်စေသဖြင့် ချောင်းဆိုး၊ သလိပ်ကပ်သော ရောဂါအတွက် လွန်စွာ သင့်၏။ ၀မ်းတွင်းရှိ သန်ကောင်များကိုလည်း ကောင်းစွာနိုင်၍ ၀မ်းတွင်းမှ ထွက်စေသည်။ ဤအဆီသည် ပြင်ပမှ လူးမူပူ၍ အသားအရေကိုပင် နီစေတတ်၏။ မြောက်မြားစွာ စားမိသော် ၀မ်းတွင်း၌ လွန်စွာပူ၍ ၀မ်းသွားခြင်း၊ အော့အန်ခြင်း ဖြစ်တတ်၏။ အဆီကို သကြားပေါ်၌တင်၍ တိုက်ရာ၏။ ကြက်သွန်ဖြူမှ ညှစ်ထုတ်၍ ရသော အရည်အစက် ၃၀မျှ သောက်နိုင်၏။ တင်ခြာဆေးလုပ်ထားသော ဆေးတစ်ခွက်လျှင် လက်ဖက်ရည် တစ်ဇွန်းမျှ တစ်နေ့ ၄ကြိမ်သောက်သော် ပျောက်သည်ဟု ဆရာဝန်ကြီးများ အသိအမှတ်ပြုသည်ဟု ဆိုထားပါသည်။ မြန်မာ င်္ဗနြ ထုတ်လုပ်သော ကြက်သွန်ဖြူ ပျားရည်တွင် သဘာဝပျားရည်စစ်စစ်နှင့် ကြက်သွန်ဖြူအဆီကို သိပ္ပံနည်းကျ ရောစပ်ထုတ်လုပ်ထားပါသည်။

 

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးအတွင်း ကော်လက်စထရော များသူများအတွက် အထူးသင့်လျော်သည် ဟု ရေးထားပါသည်။